တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရပ်တော်မူဘုရားကုန်းရှိ အကြမ်းဖက် စစ်တပ် ယာယီစခန်းကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းရရှိပါတယ်
အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၇ နာရီခန့်က ရေဖြူမြို့နယ် အနောက်ဘက်ကမ်း ရပ်တော်မူဘုရား လမ်းဆုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်ယာယီစခန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ် တိုက်ခိုက်မှုဟာ ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ရဲ့ ကျောက်ကညာ အမြောက်တပ်ရင်းက လက်နက်ကြီး ပစ်ကူပေးခဲ့တဲ့အတွက် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ သိရပါတယ်။
အထက်ပါတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF ၊ DGRFတပ်ခွဲ ၄ ထားဝယ်နဂါးတပ်ခွဲနဲ့ မဟာမိတ်တပ်ဖွဲ့ YPPDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။