စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရေဦးမြို့နယ်၊ မုတ်စီကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပုန်းအောင်းနေသော နေရာများကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်းက Fixed Wing Drones များ၊ Multirotor Drones များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း နွားထိုကြီးမြို့နယ် သတင်းတာဝန်ခံက ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာ အထက စာသင်ကျောင်းနှင့် ရဲစခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးထက်မနည်းသဆုံးနိုင်ကြောင်း သိရသည်။