စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အောင်သာယာရွာ ပျူစောထီးစခန်းသိမ်းခဲ့သော တော်လှန်ရေး ရဲဘော်များကို ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြောင်း ပြည်သူ့လွတ် မြောက်ရေး တပ်မတော် – PLA တပ်ဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့က ရေဦးမြို့နယ်၊ အောင်သာယာရွာ ပျူစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ၂ နာရီခန့်အကြာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး ၁၅ ဦး ခန့်ဒဏ်ရာရရှိကာ ၇ ဦးအရှင်ဖမ်းမိခဲ့ကြောင်း၊ တိုက်ပွဲအတွင်းမှ ဆိုင်ကယ် ၂ စီး၊ ငွေသားနှင့် ခဲယမ်းအချိုသိမ်းဆည်းနိုင်ခဲ့ပြီး လေကြောင်း ပစ်ကူရောက်ရှိလာသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ ရကြောင်း သိရသည်။