စစ်ကိုင်းတိုင်း၊ရေဦးမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ နှိုးဆော်စာတွေ ကျဲချခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါ တယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ(၂၆) ရက်နေ့ ညနေပိုင်းက ရေဦးမြို့မှာ စစ်ကောင်စီတပ်သားတွေဆေးကု နေတဲ့ လမင်းဆေးရုံအနီးနဲ့ မြို့လယ်နာရီစဉ်အနီးကို ရွှေဘိုခရိုင် PDF-တပ်ရင်း ၁၄ က ဒရုန်းနဲ့ စာကျဲချခဲ့တာပါ။