စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ရေဦးမြို့ အနောက်ဘက်အထွက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် သားတွေ ဂိတ်ဖွင့်တပ်စွဲထားတဲ့ ရွှေကျီးမင်းဂိတ်ကို မေ ၂၇ရက် ညနေ ၄နာရီ ၄၅မိနစ်မှာ Fixed Wing ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ရွှေ ဘိုခရိုင် အမှတ်(၁၄)တပ်ရင်း ရေဦး (PDF)က ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုကို စုံစမ်းမသိရှိရသေးဘူးလို့ ဆိုပါတယ်။
ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း ဒရုန်းတပ်စုရဲ့ တော်လှန်ရေးမှာ မဆုတ်မရွံ့တဲ့ ခွန်အားနဲ့ ကြိုးစားလှုပ်ရှားမှုကို ပြည်သူတွေအတွက် အားတစ်ခုဖြစ်စေဖို့ ဖော်ပြပေးလိုက်ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။