စစ်ကိုင်းတိုင်း၊ ရေဦးမြို့ တိုင်းရင်းဆေးရုံရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဇန်နဝါရီ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၂၈ မိနစ်တွင် ရေဦးမြို့ တိုင်းရင်းဆေးရုံရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း က SBB14B Rocket များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ အထိအခိုက်ရှိနိုင်ပြီး စစ်တပ်ဘက်ကလည်း လက်နက်ငယ် ၊ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။