စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက် နက် ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်း ထိုးနေသောကြောင့် ကျေးရွာ ၁၅ ရွာမှ ပြည်သူများ ထပ်မံ တိမ်းရှောင်နေရကြောင်း ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၂၈ ရက်နေ့ ဒီပဲယင်း မြို့နယ်အတွင်း ရောက်ရှိနေသော အကြမ်း ဖက် စစ်တပ်က ရေဦးမြို့နယ်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ထပ်မံ စစ်ကြောင်း ထိုးနေသောကြောင့် ကျေးရွာ ၁၅ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဦးမြို့နယ် အနောက်ခြမ်းရှိ ရွာမိဿာကျေးရွာအတွင်းမှ ငြုတ္တုံရွာ ဘက်ကို ထွက်ခွာရန် ဦးတည်နေကြောင်း သိရသည်။
လက်ရှိချိန်တွင် မစိုးရိမ်ရွာ၊ ခြုံရွာ၊ ကျီကုန်းရွာ၊ ဇီးကုန်းရွာ၊ ကုန်းသာရွာ၊ ချမ်း သာရွာ၊ ရွာသစ်ရွာ၊ ရွာမိဿာရွာ၊ မူးဆုံရွာ၊ နှောကုန်းရွာ၊ ဇဝရွာ၊ ကုန်း ကြီးရွာ၊ ကုန်းတန်းရွာ၊ မုတ်စီရွာနှင့် ငြုတ္တုံရွာတို့မှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး နေရကြောင်း သိရှိရသည်။
” ဒီနေ့ နံနက် ဒီပဲယင်းကနေ မနေ့ကလာတဲ့ လမ်းကြောင်း အတိုင်း ရေဦး အနောက် ခြမ်းကို လက်နက်ကြီးပစ်ခတ် ပြန်ထွက်လာတယ်။ မနေ့က ရွာတွေ ပဲ ပြန်ပြေးနေကြရတယ်။ ဒီရွာတွေက စစ်ကြောင်းနဲ့လည်းမလွတ် လက်နက် ကြီး ထုရင်လည်း မလွတ်တာမို့ စစ်ကြောင်း ဘယ်ကနေ ထွက်လာလာ ပုံမှန် တိမ်း ရှောင် ကြရတဲ့ရွာတွေပဲ အခုလက်ရှိစစ်ကြောင်းက ရွာမိဿာကနေ ငြုတ္တုံ ထန်း တောဘက် ဦးတည်နေတယ်” ဟု ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။