ပြည်ပရောက်ယောသူ/သားများဖြင့် ဖွဲ့စည်းထားတဲ့ Global Yaw Funding မှ ပြုလုပ်တဲ့ ရောင်နီလာပြီယောဌာနီ ပရောဂျက်မှ ရရှိငွေနဲ့ ဂန့်ဂေါမြို့နယ်အတွင်း လူသားချင်းစာနာ ထောက်ထားရေးဆိုင်ရာ အကူအညီလိုအပ်နေတဲ့ စစ်ရှောင်ကျေးရွာ ၁၄ ရွာကို ငွေကျပ် သိန်း ၃၀၀ ကျပ်အား ပအဖ မှတဆင့် ထောက်ပံ့ပေးခဲ့ပါတယ်။
ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးဘေးသင့် ပြည်သူများ၊ စစ်ရှောင်ပြည်သူများ၊ ကာလကြာရှည် စစ်ရှောင်များ၊ ကန့်သတ်စစ်ရှောင်များ၊ ချို့တဲ့ရဲဘော် မိသားစုများ၊ ပျူစောထီးရွာမှ ထွက်ပြေးလာတဲ့ စစ်ရှောင်များစတဲ့ ကျေးရွာ ၁၄ ရွာကို ထောက်ပံမှုပြုခဲ့တာပါ။
အဆိုပါကျေးရွာများမှာ စန်းမြို့ရွာ ၊ မြိုင်နန်းစံ(မြောက်ခင်ရန်း)ရွာ ၊ သင်တောရွာ၊ ကန်ရွာ ၊မိုးစိုရွာ ၊သာစည်ရွာ၊ ကျောတိုက်နယ်၊ မင်းရွာ ၊ မြစ်သာဆည် ၊ ကျွန်းဒတ်ရွာ ၊ ထယ်လှော်ရွာ၊ ဟံသာဝတီ နဲ့ အေးရိပ်သာ၊ ပုလဲမြို့နယ်အတွင်း စစ်ရှောင်ပြည်သူများကိုလည်း မျှဝေပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရောင်နီလာပြီယောဌာနီ ပရောဂျက်မှ မြို့နယ်အတွင်း ပြည်သူ့အခြေပြု ကျောင်းများ အတွက် ငွေကျပ် သိန်း ၁၀၀ နဲ့ ကျန်းမာရေးကဏ္ဍတွင် အသုံးပြုရန် ငွေကျပ် သိန်း ၁၀၀ တို့ကို မြို့နယ် ပအဖ မှ တဆင့်ထောက်ပံ့မှုများပြုလုပ်ခဲ့ပြီးကြောင်းလည်း အသိပေးထုတ်ပြန် ထားပါ တယ်။