မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျေးရွာများမှာ ပြည်သူ့ဘက်တော်သားများနဲ့ ပူးပေါင်းဆောင်ရွက်ရန် မွန်၊ ဗမာ ၂ဘာသာဖြင့် ရေးထားတဲ့ စားများဖြန့်ဝေခဲ့ကြတယ်လို့ ရေးမြို့နယ် တောင်ပိုင်း တော်လှန် ရေး အင်အားစုထံ မှသိရှိရပါတယ်။
ရေးမြို့နယ် တော်လှန်ရေး ညီနောင် အဖွဲ့မှ ဇန်နဝါရီ ၁၀ ရက်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် များအနေဖြင့် အလင်းဝင်ရန် အဆိုပါ စာများကို ဖြန့်ဝေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးမဟာမိတ် အဖွဲ့မှ အလင်းဝင်ရန် ဖြန့်ဝေခဲ့တဲ့ အသိပေးစာများကို အစင်ရွာ၊ ကျောင်းရွာတို့မှာ ရန်သူတပ်ဖွဲ့ဘက်မှ လိုက်လံသိမ်းဆည်း မှုရှိနေတယ်လို့ ပြောပါတယ်။
အဆိုပါ ပူးပေါင်းအဖွဲ့မှ ပြည်သူ့တပ်မတော်သားများ အနေဖြင့် စစ်ကိုလိုလားလို့ တိုက်နေတာ မဟုတ်၊ စနစ်ကို ဖြိုချရန်တိုက်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အဖွဲ့သားများကို အလင်းဝင်ရောက်ရန် ဖိတ်ခေါ်ထားပြီး၊ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်၊အွန်းလိုင်း လိပ်စာများပါ ထည့်သွင်းရေးသားထား တယ်လို့ ဖော်ပြထားပါတယ်။
ဒီလုပ်ဆောင်မှုကို တောင်ပိုင်း ပူးပေါင်း မဟာမိတ်တွေဖြစ်တဲ့ Dawnacolum ရေးပြောက်ကျား တပ်ဒေါနစစ်ကြောင်းတပ်ခွဲ၃၊ မွန်တော်လှန်ရေးတပ်ဖွဲ့၊ ကျောင်းသားတပ်မတော် ၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော်(PDF) ၊ MSRO၊YAF ၊ YDF တို့မှ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။