မွန်ပြည်နယ် ရေးမြိုနယ် ရန်မျိုးအောင်ရပ်ကွက်ရှိ ဘီယာဆိုင်တစ်ဆိုင်တွင် ဘီယာထိုင်သောက်နေသည့် အကြမ်းဖက် ရဲကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။
မေလ ၅ရက်နေ့ ရေးမြို့ ၃ ရပ်ကွက်အပိုင် နယ်ထိန်းရဲ အောင်သူ ဆိုသူကို ဘီယာဆိုင်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။
“တစ်ယောက်တည်းရှိချိန် ရှင်းခဲ့တာပါ။ ပြန်လည်ပစ်ခတ်တာ မရှိပါဘူး”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။
ရဲအောင်သူ ထံမှ လက်ကိုင်ဖုန်းအပါအဝင် ရွှေရည်စိမ် ငွေဆွဲကြိုးတစ်ကုံး သိမ်းဆည်းရမိကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရှိရသည်။