မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ မလွဲတောင်တံတား နှင့် ဆက် သွယ်ရေးတာဝါတိုင်လုံခြုံရေးယူထားသည့် စခန်းကုန်းကို KNLA၊ PDF ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရာ ခဲယမ်းအချို့သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်စခန်း ကို မီးရှို့ ရှင်းလင်းလိုက်ကြောင်း ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း၊ J.O.Cမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဇူလိုင်လ ၆ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်ခန့်အချိန် မလွဲတောင်တံတားနှင့် ဆက်သွယ်ရေးတာဝါတိုင် လုံခြုံရေးယူထားသည့် စစ်ကောင်စီ KNLA တပ်ရင်း ၂၇ တပ်ခွဲ ၂ နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ကြောင်း သိရှိရသည်။
“ဒီစစ်စခန်းဟာ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး ရေး-ထားဝယ်လမ်းပိုင်း ၁၄ မိုင်အနီးတည်ရှိပြီး အကြမ်းဖက်စစ်တပ်လက်အောက်ခံ ခမရ ၅၉၁ က ဗိုလ်နေ လင်း ထွန်း ဦးစီးတဲ့ အဖွဲ့က အကြမ်းဖက်စစ်အုပ်စုရဲ့ ဆက်သွယ်ရေးတာဝါ တိုင်နဲ့ မလွဲတောင်တံတားကို လုံခြုံရေးရယူထားတဲ့ စခန်းကုန်းဖြစ်ပါတယ်။ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ချိန် ရန်သူစစ်သားတွေ စခန်းကို စွန့်ခွာထွက်ပြေးခဲ့ကြတာကြောင့် စခန်းတွင်းဝင်ရောက်ရှင်းလင်းခဲ့ပြီး မီးရှို့ ဖျက်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်” စစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင် ပိုင်းတိုင်း၊ J.O.Cမှ တာဝန်ရှိသူက ပြောသည်။
စစ်တပ်စခန်းမှ ရှေ့ထွက်မိုင်း ၃ လုံး၊ MA မဂ္ဂဇင်း ၁၀ ချပ်၊ ကက်သီး ၁၈ လုံး၊ ၅.၅၆ ကျည် ၂၁၈ တောင့်၊ ၄၀မမ ဗုံးသီးကျည် ၂၀ လုံး၊ လက်ပစ်ဗုံး ၂၀ လုံး နှင့် အီကွေ့မန့် ၂ စုံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး ဆက်လက်စုံ စမ်းလျက် ရှိ ကြောင်း သိရှိရသည်။