ရေး- ထားဝယ်ကားလမ်းပေါ်ရှိ ကလိန်အောင်မြိုနှင့်ကျောက်ရှပ်ကျေးရွာကြားမှာ အခြေစိုက်တည်ရှိနေတဲ့ အမှတ်(၄၁၀) ခြေမြန်တပ်ရင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ဦးသေဆုံးခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ရက်က မနက်ပိုင်းက အဆိုပါ အကြမ်းဖက် စစ်တပ်စခန်းကို ကံပေါက်ဒေသပြည်သူ့ကာကွယ် ရေးတပ်ဖွဲ (ဒေါန တပ်ခွဲ-၄)ရဲ့ ဒရုန်းတပ်ဖွဲနဲ့ Dawei Defense Team (DDT တပ်ခွဲ-၃)က ပူးပေါင်းပြီးတော့ ဝေဟင်ကနေ SFZ Drone နဲ့ ဗုံးသီး (၄)လုံး အသုံးပြုကာ ဗုံးကြဲတိုက်ခိုက် ချေမှုန်းခဲ့တာပါ။
တော်လှန်ရေးတပ်ဖွဲ့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမှတ် (၄၁၀)ခြေမြန်တပ်ရင်းရဲ့ အဆောက်အအုံတချို ထိခိုက်ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ( ၃ ) ဦးသေဆုံးကာ ( ၇ ) ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ကလည်း လက်နက်ငယ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းကိုပြန်လည်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးနဲ့လည်း (၁၅)ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အကြမ်းဖက် စစ်တပ်ရဲ့ လက်နက်ကြီးတွေဟာ အနီးအနားရွာက ခြံတွေထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ခွာစစ်ဆင်ခဲ့တယ်လို့ အသိပေးထားပါတယ်။