ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုကို ဓနုအမျိုး သားကာကွယ်ရေးတပ်က လျှပ်စစ်မီးပေးစတင်ပေးနေပြီဖြစ်ကြောင်း ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဦး/ဓနုပြည်နယ်အမျိုးသားကာ ကွယ်ရေး တပ်တော် (DSNDF/DSNDA )မှ တာဝန်ခံ ကိုကျားပျံက ပြောဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြိုနယ် အတွင်းရှိ လျှပ်စစ်မီး မရရှိသေးသော ကျေးရွာ များကို လျှပ်စစ်မီးပေးနိုင်ရေး ၊ရွာ တွင်းလမ်းများနှင့် အိမ်ပေါက်စေ့ မီးလင်းရေးအတွက် ကြိုးစားလုပ်ဆောင်ခဲ့ရာ လက်ရှိတွင် ကျေးရွာတစ်ရွာကို လျှပ်စစ်မီး အိမ်ပေါက်စေ့ပေးနိုင်ရန် အကောင်ထည်ဖော်နိုင်ပြီဖြစ်ကြောင်း၊ အဆိုပါကျေးရွာမှ နေအိမ်အားလုံး ရွာလုံးကျွတ် လျှပ်စစ်မီး ရရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။
DSNDF/DSNDA ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဦး/ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော်က ပြည်သူများအပေါ် မိဘ သဖွယ် တန်ဖိုးထားကာ ပြည်သူတို၏ လိုလားတောင်းတနေသောဖက်ဒရယ်ဒီမိုကရေစီ အပြင် ဒေသဆိုင်ရာဖွံဖြိုးရေးလုပ်ငန်း များအားဆက်လက်၍ အလေးထား ဆောင်ရွက်ပေး သွားမည်ဟု ၎င်းက ဆိုသည်။