ကချင်ပြည်နယ် ရွှေကူမြို့နယ် ဘိုကုန်းကျေးရွာတွင် တိုက်ပွဲမဖြစ်သော်လည်း ယမန်နေ့ကတည်းက ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းက ကျေးရွာရှိနေအိမ်များကို ဖျက်ဆီးမွေနှောက်ခဲ့ကြောင်း သိရသည်။
၎င်းစစ်ကြောင်းက ရွာကို ယနေ့ ဖျက်ဆီးသောင်းကျန်းခဲ့ပြီး ဖမ်းဆီးခံရသူများရှိကြောင်း သိရသော်လည်း ဘယ်နှစ်ဦး ဖမ်းဆီးခံရသည်ကို မသိရကြောင်း ကျေးရွာနှင့်နီးစပ်သူ ရွှေကူဒေသခံတစ်ဦးက ပြောသည်။
ဘိုကုန်းကျေးရွာသည် အထက်တန်းကျောင်းရှိသည့် ကျေးရွာဖြစ်ပြီး လူနေအိမ်ခြေ တစ်ထောင်ဝန်းကျင်ခန့်ရှိမည်ဟု ဒေသခံက ပြောသည်။
ကျေးရွာရှိအချို့နေအိမ်များသည် ယခင်ကတည်းက ထွက်ပြေးနေရပြီး ရွာထဲရှိနေသည့် ပြည်သူများလည်း နေရာခွဲကာ စုဖွဲ့နေကြသည်ဟု သိရသည်။