ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် ခမရ-၅၈၉ တပ်ရင်းက ကျေးရွာချင်းဆက် လမ်းများကို ပိတ်ဆို့ကာ ဂိတ်စခန်းဖွင့်ပြီး ဆက်ကြေးကောက်နေကြောင်း ဒေပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၄ ရက်နေ့က စတင်ကာ ရွှေကျင်မြို့နယ်၊ ဒုံစရစ်ကျေးရွာ အခြေစိုက် အမှတ် ၅၈၉ ခြေမြန်တပ်ရင်းက ဒုံစရစ် ကျေးရွာကို ဖြတ်သန်းသွားလာနိုင်သည့် ကျေးရွာချင်းဆက် လမ်းပိုင်းများကို ပိတ်ဆို့ကာ တပ်ရင်းရှေ့မှ ဖြတ်သန်းသွားလာရသည့် လမ်းပိုင်းတစ်ခုတည်းကိုသာ ဖွင့်လှစ်ထားပြီး ဂိတ်စခန်းထိုင်ကာ ဖြတ်သန်းသွားလာသည့် ကားနှင့် ဆိုင်များထံမှ ဆက်ကြေး ကောက်နေကြောင်း သိရသည်။
ယင်းသို့ ဂိတ်စခန်း မဖွင့်မှီ ဇူလိုင်လ ၂၁ ရက်နေ့က စလူချောင်းရွာနှင့် ကျွဲတဲရွာ အကြားတွင် PDF တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ရွာချင်းဆက် လမ်းပိုင်းများကို လိုက်လံပိတ်ဆို့ခဲ့ပြီး တပ်ရင်းရှေ့မှ ဖြတ်သန်းသွားလာနိုင်သည့် လမ်းပိုင်းတစ်ခုတည်းကိုသာ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
” ဒုံစရစ်ကျေးရွာ အခြေစိုက် အမှတ် ၅၈၉ ခြေမြန်တပ်ရင်းက တပ်ကြပ်ကြီး ဇော်မင်းနဲ့ ဒုံရစ်ကျေးရွာ ဥက္ကဋ္ဌ ဦးမြင့်လွင်တို့ ဦးဆောင်ပြီ ဒုံစရစ်ရွာ၏ လမ်းထိပ်နှင့် သွားလာရေး လမ်းတွေကို ပိတ်ဆို့ထားတယ်။ ၅၈၉ တပ်ရင်းရှေ့က သွားလာနိုင်တဲ့ လမ်းပိုင်း တစ်ခုတည်းကိုသာ ဖွင့်ထားပြီး စစ်ဆေးရေး ဂိတ်ထိုင်နေတယ်။ အဲလမ်းက ဖြတ်သမျှ ကားနဲ့ ဆိုင်ကယ်တွေဆီက ဆက်ကြေး ကောက်ခံနေတယ်။ ကား ၁ စီးကို ၃၀၀၀၀ ပေးရတယ်လို့ပြောတယ်။ ဆီသယ်လာတဲ့ ဆိုင်ကယ်တွေဆို ၂ ဗူး ဆက်ကြေးပေးရတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။
See Translation
All reactions:
2.4K2.4K