ယင်းမာပင်မြို့နယ် ၊ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းက ရက်ပေါင်း ၈၉၁ မြောက်အဖြစ်နဲ့ အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြ တော်လှန်ပြည်သူတွေက “ရွှေနွယ်သွေးသပိတ်စစ်ကြောင်း” နဲ့ “China:Stop killing myanmar people by supporting fascist criminals” ဆိုတဲ့ စာသားကိုကိုင်ဆောင်ကာ အကြမ်းဖက်စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြတာပါ။
ဒေသခံတော်လှန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျရှုံး ရေး ဆန္ဒပြသပိတ်ကိုနေ့ စဉ်ပြု လုပ်နေကြပါတယ်။