စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး နေ့စဉ် စစ်တပ်က လေကြောင်းမှတစ်ဆင့် ပစ်ခတ်ဗုံးကျဲနေကြောင်း ဒေသပြည်သူများက ထံသို့ ပြောဆိုကြသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့မှစတင်ပြီး စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့တွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီ SNA ပူးပေါင်းတပ်များက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကို တိုက်ခိုက်လာသဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း၊ စစ်တပ်က နေ့စဉ် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ ဖြင့် ပစ်ခတ် ဗုံးကျဲနေကြောင်း သိရှိရသည်။
“လွန်ခဲ့တဲ့ ၅ ရက်လောက်က စပြီး တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။ ဒီနေ့အထိ ဆက်လက်ပြင်းထန်နေပါတယ်။ နေ့စဥ်နေ့တိုင်း စစ်တပ်က လေယာဥ်တွေနဲ့ ပစ်ခတ်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
“လက်ရှိမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ နောင်ဆန်းကျင်ကျေးရွာ၊ လောင်းမင်းကျေးရွာနဲ့ စည်ပင်သာကျေးရွာတို့မှ ပြည်သူ ထောင်ချီ၍ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်တပ်က အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေအားလုံး ဖြတ်တောက် ထားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ရွှေပြည်အေးမြို့တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိနေပြီး စစ်ကောင်စီတပ်ဘက်မှ တပ်သားတချို့ကို တော်လှန်ရေးတပ်ဖွဲ့များက အရှင်ဖမ်းဆီးရရှိမှုများရှိနေကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။