စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ် (၉) တပ်ရင်းရဲ့ ကိုယ်တိုင် ထုတ်လုပ်ရေး ဒရုန်းဗုံးသီးတွေမှာ ကိုယ် ကြိူက်နှစ်သက်ရာ စာသားရေးသားပြီး တော်လှန်ရေးမှာ ပါဝင် နိုင်တယ်လို့ သိရပါတယ်။
“ထိုးစစ်ဆင်နွှဲ အညာအောင်ပွဲ” ရဲ့ ကမ်ပိန်းမှာ ၃ သိန်းနဲ့ အထက်ကူတဲ့သူတိုင်းကို ဒရုန်းဗုံးသီးမှာ မိမိကြိုက်နှစ်သက်ရာ စာသားရေးသားပြီး တိုက်ပွဲဝင်လို့ရတဲ့အကြောင်းကို ရွှေဘိုခရိုင် အမှတ် (၁၉) တပ်ရင်းမှ မနေ့က အသိပေးထုတ်ပြန်ပါတယ်။
Drop Bomb များဟာ လက်နက်ကြီး ပစ်ကူအနေနဲ့ အရေးပါသလို ၊ တဖက်ရန်သူ စစ်ကောင်စီ တပ်သားတွေရဲ့ စိတ်ဓာတ် ရေးရာ ပျက်ပြားစေတာမို့ ၊ စခန်းသိမ်း၊မြို့သိမ်း တိုက်ပွဲတွေမှာ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။
ကမ်ပိန်းမှာပါတဲ့ ပြည်သူတိုင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ ဖော်ပြပေးချင်ပေမယ့်၊ ဗုံးသီး တခုတည်း မဟုတ်ဘဲ ကျည်၊ခဲယမ်း၊ မီးကျောက် စတာတွေမှာ ဖြည့်တင်းနိုင်ရန် ဘတ်ဂျက်မျှဝေသုံးရတာဖြစ်ပြီး၊ အရေအတွက် ကန့်သတ်ချက်ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
ပြည်သူများအနေနဲ့ ငွေကျပ် ၁ သောင်း၊ ၂ သောင်းမှ စတင်ပြီး စိတ်ကြိုက် ပမာဏအထိ အကန့် အသတ်မရှိ စစ်ရေးအရှိန်မြှင့်တင်ဖို့ အတွက် “ထိုးစစ်ဆင်နွှဲ အညာအောင်ပွဲ “ ကမ်ပိန်းကနေ ပါဝင် ပေးကြဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။