စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက မီးဖြတ်ခံထားရတဲ့ အိမ်တွေကို S&C က Solar power station တွေကိုစတင်တပ်ဆင်ပေးခဲ့တယ်လို့ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့ က ထုတ်ပြန်ပါတယ်။
မီးဖြတ်ခံထားရတဲ့ အညာဒေသက ကျေးရွာတွေမှာ ရှိတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ အိမ်တွေမှာ စာကြည့်ရန်အဆင်ပြေစေဖို့ ကနဦး Solar power station အစုံ ၂၀ကို မဲစနစ်နဲ့ ရွေးချယ်ပြီး တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
S&C Solar Power Station တွေ တပ်ဆင်ပေးရာမှာ စည်းကမ်းချက်တွေ ထားပြီးတပ်ဆင်ပေးနေတယ်လို့
S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့ က သိရပါတယ်။
ကနဦး နေရပ်စွန်ခွာစစ်ဘေးရှောင်များ နာမကျမ်းဖြစ်နေတဲ့ အိမ်တွေ၊ သက်ကြီးရွယ်အိုဖိုးဖွားအိမ်တွေကို ဦးစားပေးစနစ်နဲ့တပ်ဆင်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိအချိန်ထိ S&C solar power station အလုံး ၃၂လုံးအထိ တပ်ဆင်ပေးနိုင်ခဲ့ပြီး ထပ်မံပြီး Solar power stationတွေ တပ်ဆင်ဖို့ လိုအပ်နေတာကြောင့် ပြည်သူတွေ ပါ၀င် ပေးကြပါဖို့ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့ က တိုက်တွန်းတားပါတယ်။