စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၅ ခုကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ဝင်ရောက်မီးရှို့နေသဖြင့် နေအိမ် ၅၀ ကျော်ပြာကျခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ ၂ သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြား သည်။
ယနေ့ စက်တင်ဘာ ၄ ရက် နံနက် ၁၀ နာရီခန့်အချိန် ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၊ ခမရ ၁၂ တပ်မှ အကြမ်းဖက်စစ် သားများက ဂွေးကုန်းကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ ပျူစောထီးများနှင့်ပူးပေါင်းပြီး ကံကြီးတော၊ တကန်သာ၊ ငပိအိုး၊ ရွာသစ်ကုန်း၊ သဲကျွန်းကျေးရွာနှင့် ဇောင်ဂျန်းကုန်းကျေးရွာတို့ဘက်သို့ လက်နက် ကြီးများ ဖြင့်ပစ်ခတ် ဝင်ရောက်ခဲ့ကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် သဲကျွန်းရွာမှ ပြည်သူ ၂ ဦး၊ ငပိအိုးကျေးရွာမှ ပြည်သူတစ်ဦး လက် နက်ကြီးစထိမှန်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
“ဒီနေ့မနက် ၁၀ နာရီလောက်မှာ လက်နက်ကြီးနဲ့ ကံကြီးတော၊ ငပိအိုး၊ ရွာသစ်ကုန်း၊ တကန်သာ၊ ဇောင်ညမ်းကုန်းရွာတွေဘက်ကို ရမ်းပစ်တာ၊ သဲကျွန်းပြည်သူ ၂ ဦး၊ ငပိုအိုးက ပြည်သူတစ်ဦး ထိမှန် တယ်၊ ကံကြီးတောရွာက ကောက်သမတွေအနီးကိုလည်း လက်နက်ကြီးတွေ ကျတယ်၊ စစ်ဘေး ရှောင် ပြည်သူ ၆ ထောင်ကျော်လောက်က စားနပ်ရိက္ခာတွေ ခက်ခဲနေတယ်၊ မိုးတွေလည်း ရွာထားတော့ ကလေးရော၊ လူကြီးတွေရော ဖျားနေကြတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သ တင်း ဌာနထံသို့ ပြောကြားသည်။
စက်တင်ဘာလ ၂ ရက်နေ့လည်း အင်အား ၅၀ ကျော်ပါသော စစ်တပ်စစ်ကြောင်းက ရွှေဘို မြို့နယ်၊ မောင်းတက်ကျေးရွာဘက်မှတစ်ဆင့် ဂွေးပင်ကုန်းကျေးရွာသို့ ရောက်ရှိလာပြီး စက်တင်ဘာ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ တပ်စွဲခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ပြည်သူလူထုနေထိုင်ရာ ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ ငပိအိုးကျေးရွာ ဟန်လင်းမြို့ဟောင်း ကျေးရွာဘက်သို့ ဦးတည်ထွက်ခွာနေခြင်းဖြစ်ကြောင်း သိရသည်။
စစ်တပ်၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုကြောင့် ရွာသစ်ကုန်းကျေးရွာမှ နေအိမ် ၅၀ ကျော် မီးလောင်ပြာကျခဲ့ပြီး ငပိအိုးကျေးရွာ၊ သဲကျွန်းကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ ကံကြီး တော ကျေးရွာ၊ ရွာသစ်ကုန်း၊ တကန်သာ၊ ဇောင်ညမ်းကုန်း၊ တောင့်တင်း၊ ဖွံ့လှိုင်း၊ ချောင်းဆုံ၊သစ်ချိုပင်၊ ယင်းမာကန်၊ ဘိုတဲ၊ ဘူတာ၊ မုဆိုးချုံ၊ ညောင်ကန်၊ ကျောက်မန်းကန်၊ ရွှေကူ၊ ညောင်ရင်းကုန်း စသည့် ကျေး ရွာများမှ ပြည်သူ ၂ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရသည်။