စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ပျူစောထီး ၂ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ထွက်ပြေးသွားကြောင်း ဒီပဲယင်း အဖြူရောင် ပကဖမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ယနေ့ ဇူလိုင်လ ၅ ရက် နံနက် ၄ နာရီခွဲခန့်က အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော ရွှေဘိုမြို့နယ်၊ ကူး တို့ ဆိပ်ကျေးရွာပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ ရာ နံနက် ၇ နာရီခန့်တွင် ပျူစောထီးစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက် သိမ်းပိုက်ပြီးနောက် အနီးအနား ရှိ ပျူစောထီးရွာများဖြစ်သော မြင်းစီးရွာနှင့် ညောင်ကိုင်းရွာမှ ပျူစောထီးများမှ စစ်ကူလာသောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“စခန်းတစ်ခုလုံးသိမ်းနိုင်ခဲ့တယ်လို့တော့ ပြောလို့ရတယ်၊ ဒါပေမယ့် ရာခိုင်နှုန်းအပြည့်ကြီးတော့ မ အောင် မြင်ခဲ့ဖူးဗျ၊ စစ်ခွေးအထိုင်ချထားတဲ့ စဉ့်အင်းရွာနဲ့ ပျူရွာ ညောင်ကိုင်းကနေပြီး စစ်ကူတက်လာ တာ၊ သိမ်းနေတုန်းဆဲဆဲ စစ်ကူတက်လာတော့ ပြန်ဆုတ်ခွာလာခဲ့ရတာ၊ မိုးလင်းအထိပဲ တိုက်ခဲ့ရတယ်၊ စစ်ကူလာလို့သာ နောက်ဆုတ်ခဲ့ရတာ၊ စဉ့်အင်းရွာနဲ့ မိုင်ဝက်လောက်ပဲဝေးတာ၊ ရွာရဲ့ ၃ ပုံနှစ်လောက် အထိစီးတိုက်နေတုန်း စစ်ကူရောက်လာတာ၊ ပျူစောထီးအလောင်း ၂ လောင်းတော့မျက်မြင်တွေ့ခဲ့ရ တယ်၊ အထိုင်ချထားတဲ့ ကင်းစခန်းတွေတော့ မီးရှို့ထားခဲ့တယ်၊” ဟု ဒီပဲ ယင်း ပကဖမှ တာဝန်ရှိသူ တစ် ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒီပဲယင်းမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့များ၊ ရွှေဘိုမြို့နယ် ပကဖ ပူးပေါင်း တပ်ဖွဲ့ များ၊ ဒီပဲယင်းမြို့နယ်တပ်ရင်း (၁၉) ၊ နယ်စီးမခြားဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်း ၁ နှင့် LPDF များ ပူး ပေါင်း တိုက်ခဲ့ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။