စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်၊ သက်ကယ်တန်းချောင်းအနောက်ဘက် မြို့ရှောင်လမ်းနားမှာ စစ်ကောင်စီရဲ့ စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးကာ ဒဏ်ရာရသူတွေလည်းများတယ်လို့ နယ်စည်းမခြားရွှေဘိုသား အဖွဲ့ထံက သိရပါတယ်။
စက်တင်ဘာ ၁၄ ရက် ည ၁၀ နာရီခန့်မှာ ရွှေဘိုမြို့အနီးရှိ လေ့ကျင့်ရေး ၈ စစ်ကောင်စီတပ်ကနေ အင်အား ၄၀ ကျော်ပါတဲ့ သံပြားကာ စစ်ကား ၂ စီးကို မိုင်း ၉ လုံးဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။”စကစက သူတို့ ဖမ်းထားတဲ့ ပြည်သူတဦးထွက်ပြေးတာကို လိုက်ဖမ်းတယ်။ ပြည်သူကို လိုက်ဖမ်းတဲ့ကားကို ကျနော်တို့ဘက်က မိုင်းဆွဲတာ” လို့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့ တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောပါတယ်။