စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနရုံး၊ တရားရုံးနှင့် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။
အဆိုပါ သုံးနေရာကို ယနေ့ (ဒီဇင်ဘာ၂၆ရက်) နံနက် ၉နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဟု တိုက် နယ်(ပကဖ) တာဝန်ခံတစ်ဦးက ပြောသည်။
“မစ်ရှင်က မနက်ကတည်းက ဆွဲထားတာ။၉နာရီခွဲမှာ လူစုံပြီဆိုမှ ချတာ။ ထိချက်ကောင်းတယ်” ဟု တိုက်နယ်(ပကဖ)တာဝန်ခံက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်းအောင်ရှိ တိုက်နယ်(ပကဖ)များနင့် ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဟု သတင်းရရှ်ိသည်။
ရွှေဘိုမြို့မှ ဌာနဆိုင်ရာအဆောက်အအုံအချို့ တိုက်ခိုက်ခံရကြောင်း စစ်ကောင်စီလော်ဘီ ဝါဒဖြန့် မီဒီယာများတွင် ရေးသားဖော်ပြနေကြသည်။