စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်အမှတ်(၈) တပ်ရင်းရဲ့ ပြည်သူ့ဆက်ဆံရေးဌာန၊ ကျန်းမာရေးဌာနခွဲက ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်း မီးဘေးသင့် စစ်ဘေး ဒုက္ခသည် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့တယ်လို့ Shwebo District Battallion – 08 အမှတ် ၁ စစ်ဒေသက ဒီနေ့ရက်စွဲနဲ့ သတင်း ထုတ်ပြန်ထားပါတယ်။
အမှတ် (၁) စစ်ဒေသ လှုပ်ရှားမှုနယ်မြေအတွင်း အထွေထွေ ကျန်းမာရေး စောင့်ရှောက်မှု – ၄၂၃ ဦး၊အသေး စားခွဲ စိတ်မှု ၁၀ ဦး၊ ငှက်ဖျားရောဂါသည် ၁ ဦး၊ မွေးဖွာလူနာ ၂ ဦး စုစုပေါင်း ၄၃၆ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။