ဗကသများအဖွဲ့ချုပ်၀င် ကျောင်းသားသမဂ္ဂများဖြစ်သော ၀က်လက်မြို့နယ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီးလူထုနှင့်ကျောင်းသားထုညီညွတ်စွာဖြင့် ရွှေဝါရောင်အရေးတော်ပုံကို ဂုဏ်ပြုချီတက်ခဲ့ကြသည်ဟု Welet Township Basic Education Student’s Union – ABFSU အဖွဲ့ထံက သိရသည်။
(၁၆) နှစ်ရှိခဲ့ပြီဖြစ်သော စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ရွှေဝါရောင်အရေးတော်ပုံသည် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးသမိုင်းတွင် ကြီးမားသောလူထုလှုပ်ရှားမှုတစ်ရပ်ဖြစ်ခဲ့ပြီး “ညီညွတ်ရေးတပ်ပေါင်းစုနဲ့ ဘုံရန်သူကိုချေမှုန်းကြ”ဟူ၍ ညီညွတ်ရေးကြွေးကြော်သံများဟစ်ကြွေးခဲ့ကြသည်ဟု သိရသည်။