ရှမ်းတောင်ဒေသခံ တပ်ပေါင်းစုမှ ရှေ့တန်းရဲဘော်တွေကို ကျည်ကာ၊ ဦးထုပ် အပြည့် တပ်ဆင်ပေးလိုက်တယ်လို့ Urban Task Force Aung Ban-UTF မှ ပြော ပါတယ်။
အောင်ပန်းမြို့ပြပြောက်ကျားတပ်ဖွဲ့ ဗဟိုဘဏ္ဍာရေး တာဝန်ခံ ဗိုလ်လိပ်ပြာ က ”ကျနော်တို့ လုံခြုံရေးအတွက် Level 3 ရှိတဲ့ ဦးထုပ်၊ ကျည်ကာတို့ကို တပ်စိပ် နှစ်စိပ် စာဆင်ပေးနိုင်ခဲ့တယ်၊ တစုံကို ၁၆ သိန်း ကုန်ကျတယ် ၊အခု လုပ်နေတဲ့ ရှမ်းတောင်ဝင်တိုး မြို့ပြ မုဆိုး ကမ်ပိန်းမှ ၁၅ ရာခိုင်နှုန်းဘဲ ရသေးတယ်” လို့ ပြောပါတယ်။
ရှမ်းတောင်ဝင်တိုးမြို့ပြမုဆိုး ကမ်ပိန်းကို အောင်ပန်းမြို့ပြ ပြောက်ကျားတပ်ဖွဲ့၊ ချိုးဖြူ တော်လှန်ရေးအင်အားစု၊ Force 36၊ SHAN YOMA PDF၊ Red Ants Guerilla Force ရှမ်းတောင် တပ်ဖွဲ့ ၅ ဖွဲ့ပေါင်းထားတဲ့ (SSLRU) ရှမ်းတောင်ဒေသခံတပ်ပေါင်းစု အဖြစ် ဖွဲ့စည်းကာ ဗဟိုက လုပ်တဲ့ ကမ်ပိန်းဖြစ်တယ်လို့ ဆိုပါတယ်။
ရှမ်းတောင်ဒေသခံတပ်ပေါင်းစု ဗဟိုမှ စုပေါင်းပြုလုပ်တဲ့ ရံပုံငွေ ကမ်ပိန်းဟာ သိန်း ၁ ထောင် မျှော်မှန်းထားရာမှ ၊ သိန်း ၁၅၀ ဘဲ ရရှိ သေးတဲ့အတွက် အခက်အခဲတွေကြားမှ ပါဝင်ပေး ကြဖို့ကိုလည်း တိုက်တွန်းပြောဆိုပါတယ်။
အောင်ပန်းမြို့ပြပျောက်ကျားတပ်ဖွဲဟာ ကရင်နီပြည်နယ် နဲ့ ရှမ်းပြည်နယ် နယ်စပ်ဒေသမှာ KNDF ဗျူဟာ ၂ နဲ့ လက်တွဲ တိုက်ပွဲ ဝင်နေပြီး၊ ရှမ်းတောင်ကို ပြန်ဝင်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ရှမ်းတောင်ဝင်တိုး “မြို့ပြ မုဆိုး” ကမ်ပိန်းအတွက် ပါဝင်ကူညီလှူဒါန်းလိုသူတွေအနေနဲ့ https://www.facebook.com/profile.php?id=100071792468620 ကနေ ဆက်သွယ်ပါဝင်နိုင် ပါတယ်။