အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်း စစ်ဒေသ အမှတ် ( ၃ ) လက်အောက်ရှိ ၁၀၀၈ တပ်ရင်း ရှမ်းတောင်ပြည်သူ့ကာကွယ်ရေးတပ်မတော်က M79 ၄၀ မမ လောင်ချာ နဲ့ ၄၀ မမ ဗုံးသီးများကို ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်တွင်း၊ ပြည်ပမှ ထောက်ပံလှူဒါန်းခဲ့တဲ့ အလှူငွေများကို စစ်အာဏာရှင်ကျဆုံးရေးအတွက် အကျိုးရှိစွာအသုံးချခဲ့ပြီး အရေးကြီးတဲ့ လက်နက်ထုတ်လုပ်ရေးမှာ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ တယ်လို့ 1008 Infantry – Southern Shan Revolution Youth က အောက်တို ဘာ ၁၀ ရက်စွဲနဲ့ အသိပေး ထုတ်ပြန်ခဲ့ပါတယ်။
ရှမ်းတောင် ၁၀၀၈ တပ်ရင်းမှ ထုတ်လုပ်တဲ့ ၄၀ မမ လောင်ချာများနဲ့ ၄၀ မမ ဗုံးသီးများကို ၉၅ ရာခိုင်နှုန်း စမ်းသပ်အောင်မြင်ခဲ့ကာ အခုလက်ရှိ ရှေ့တန်းတိုက်ပွဲများမှာ အသုံးပြုနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနေ့အထိ ပြီးစီးခဲ့တဲ့ လောင်ချာ နဲ့ ဗုံးသီးများကို ဓာတ်ပုံနဲ့ တကွ ပြည်သူလူထုကို ချပြပေးခဲ့တာ ဖြစ်ပြီး၊ မကြာမှီ အချိန်အတွင်း ရုပ်သံ ဗီဒီယိုဖိုင်များနဲ့ ထပ်မံ အသိပေး ထုတ်ပြန်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။