ရှမ်းပြည်တောင်ပိုင်း၊ တိုက်ပွဲ ၄၉ ရက်အတွင်း အရပ်သား ၄၉ ဦးနဲ့ ၆၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးက ဒီကနေ့မတ်လ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မတ်လ ၉ ရက်အထိ အခြေအနေတွေကို ဖော်ပြရာမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၄၀၈ ကြိမ်နဲ့အထက်၊ လက်နက်ကြီးပစ်ခတ်မှု ၁၅၀၆ ကြိမ်နဲ့ အထက်၊ အရပ်သားဖမ်းဆီးခံရမှု ၂၀ ဦး၊ အဆောက်အဦ ထိခိုက်ပျက်စီးမှု ၉၆ ခု နဲ့ စစ်ဘေးရှောင် ၈၉၂၇၈ ဦးလို့ ဖော်ပြပါရှိပါတယ်။
ရှမ်းတောင်တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ရက်ပေါင်း ၄၀ ကျော်မှာ ဖေဖော်ဝါရီ ၁၈ ကနေ ၂၄ ရက် တစ်ပတ်အတွင်း လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု အများဆုံးဖြစ်ခဲ့ပြီး အရပ်သားနေအိမ် ၈၀ ကျော်နဲ့ အရပ်သားသေဆုံးမှု ၁၇ ဦးနဲ့ ဒဏ်ရရှိသူ ၁၆ ဦးရှိခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။
ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ မိုင်းပွန်စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကာ စစ်ရှောင်ဦးရေ ၈၉၂၈၇ ဦးရေအနက် ၂၃၀၀၀ကျော်ဟာ ရှမ်းတောင်ဒေသရောက် ကရင်နီစစ်ရှောင်တွေလို့ ပါရှိပါတယ်။