ရှမ်းပြည်နယ်၊ မဘိန်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာပြီး မြောက်ပိုင်းတိုင်းတိုင်းမှူးကို စစ်အုပ်ချုပ်ရေးအာဏာ စစ်ကောင်စီက လွှဲအပ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ယနေ့ ညပိုင်း သတင်းထုတ် ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီက မိုးမိတ်မြို့နယ်နှင့် မဘိန်းမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး ကြေညာပြီး ဌာနဆိုင်ရာနှင့် ယန္တရားများအားလုံးသည် မြောက်ပိုင်းတိုင်း တိုင်းမှူး ၏ အုပ်ချုပ်မှုအောက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ မြောက်ပိုင်းတိုင်းမှူးကို အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ စီမံခန့်ပိုင်ခွင့်အာဏာပေး ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိုးမိတ်မြို့သည် လွန်ခဲ့သော ဇန်နဝါရီလအတွင်း တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့သော မြို့ဖြစ်ပြီး မဘိန်းမြို့မှာလည်း KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝန်းရံထားသော မြို့ဖြစ်သည်။