စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၊ လားရှိုးမြို့နှင့် ကွတ်ခိုင်မြို့နယ်များ၌ ပြည်သူ့စစ်အဖွဲများအား စစ်သင်တန်းပေးနေပြီး လက်နက်ကြီး ပစ်ခတ်နည်းများကိုလည်း သင်ကြားပေးနေကြောင်း သတင်းရရှိသည်။
“စစ်သင်တန်းပေးနေတာက တစ်လကျော်လောက်ရှိပြီ အဓိက ပြည်သူ့စစ်အဖွဲ့ေတွ ဖြစ်တယ်။ အခု တလောတိုက်ပွဲက မဖြစ်ဘဲ လက်နက်ကြီး ခဏခဏ ပစ်ခတ်နေတာက အဲပြည်သူ့စစ်တွေ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်ေနတာလို့ ကြားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ယခုရက်ပိုင်းအတွင်း TNLA နှင့် စစ်ကောင်စီတပ်တို့ကြား နမ့်ခမ်းမြို့နှင့် မူဆယ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ၎င်းပြည်သူ့စစ်အဖွဲ့များက စစ်ကောင်စီတပ်နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့၍ သေဆံုးခဲ့သည့် ပြည်သူ့စစ်အဖဲွ့ဝင်များလည်း ရှိခဲ့သည်ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီ အာဏာမသိမ်းသေးသည့် ကာလ၌ ပြည်သူ့စစ်အဖွဲ့ (၂၀) ကျော်ခန့်သာရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်တွင် အဖွဲ့ပေါင်း (၄၀) ခန့်အထိများလာသည်ဟုလည်း သတင်းရင်းမြစ်က ဆိုသည်။
၎င်းပြည်သူ့စစ်အဖွဲ့အများပိုင်းသည် စီးပွားရေးရည်ရွယ်ချက်ဖြင့် ဖဲွ့စည်းထားသည့် အဖွဲ့များသည်ဟုလည်း ဆိုသည်။