ရှမ်းပြည်မြောက်၊ ကွတ်ခိုင်မြို့မှ ဆင်းလာသော စစ်ကောင်စီကားအား ၃၈ မိုင် မန်ပိန်းကျေးရွာအထက် ကျောက်တောင်အနီး ပြည်ထောင်စုလမ်းမကြီး၌ အမှတ် ၃၉၊ KIA တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
မေလ ၁၀ ရက်နေ့တွင်လည်း အမှတ် ၃၄ KIA တပ်ရင်းနှင့် မိုးမိတ်ခရိုင် K-PDF တပ်ရင်း ပူးပေါင်းတပ်ဖွဲ့၀င်များမှ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရှိ စစ်ကောင်စီတပ်ဖွဲ့၀င်များ တပ်စွဲထားသည့် နေရာ (၄)နေရာကို တစ်ချိန်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း မိုးမိတ်ခရိုင် K-PDF က ထုတ်ပြန်ထားသည်။
တိုက်ပွဲတွင် စစ်ကောင်စီရဲတပ်ဖွဲ့၀င် (၃)ဦးနှင့် စစ်ကောင်စီတပ်ဖွဲ၀င် (၈) ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င် (၄)ဦး၊ ရဲ (၇)ဦး ထက်မနည်းဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြောင့် အသက်(၉)နှစ်အရွယ် ပြည်သူတစ်ဦး ထိခိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။