ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးဒေသ၊ လွယ်ဂျော်ဘွန်တောင်တွင် ရဟတ်ယာဉ်ကွင်းပါ ထည့်သွင်းတည်ဆောက်ထားသော စစ်ကောင်စီတပ်၏ အထိုင်စခန်းကို MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ရရှိကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။
“ဒီစခန်းက အရင် KIA စခန်းဖြစ်ခဲ့ဖူးတယ်။ အဲဒါကို စစ်တပ်က သိမ်းသွားတာ။ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ပြန်လည် သိမ်းဆည်းရရှိတယ်လို့ သိရပါတယ်။ စစ်ခွေးတွေ အမာခံထိုင်တဲ့ စခန်းပါ။ လွယ်ဂျော်ဘွန်တောင်မှာ ရဟတ်ယာဉ်တွေလည်းနားလို့ရတဲ့စခန်းကြီးပါ အနီးနားမှာရှိတဲ့ အခြား စစ်တပ်စခန်း၂ခုလည်းသိမ်းလို့ရပြီလို့ သိရတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ စစ်စခန်းသည် စစ်အရေးအရ အချက်အချာကျပြီး ဗျူဟာကျသည့် စခန်းလည်းဖြစ်ကြောင်း၊ လွယ်ဂျော်ဘွမ်စခန်းသည် မုံးကိုးမြို့နယ်နှင့် ဝိန်းစိုင်အကြားတွင် တည်ရှိပြီး စစ်ရေးအချက်ချာကျဆုံးနေရာဖြစ်ကြောင်း၊ စခန်းသိမ်းတိုက်ပွဲများကို မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့မှ MNDAA က ဦးဆောင်ခဲ့ကြောင်း သိရှိရသည်။