ပြင်းထန်နေတဲ့ ရှမ်းမြောက် တိုက်ပွဲတွေ အတွင်း စစ်ကောင်စီ ဓာတု အဆိပ် ဗုံးတွေ ထပ်မံ အသုံးပြုနေတယ်လို့ MNDAA က ဒီကနေ့ နိုဝင်ဘာ၂၄ မှာ ပြောဆိုလိုက်ပါတယ်။
မနေ့၊ ညနေပိုင်းမှာ ကိုးကန့်တပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ နမ့်စလပ် တောင်ကုန်းစခန်းကို စစ်ကောင်စီက ဓာတု အဆိပ်ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့လို့ MNDAA တပ်ဖွဲ့၀င် တစ်ချို့ အဆိပ်ငွေ့ ရှူမိပြီး ခေါင်းမူးတာ၊ အော့အန်တာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နဲ့ ၁၈ ရက်ကလည်း TNLA တပ်စခန်းတွေကို စစ်ကောင်စီက ဓာတု အဆိပ်ဗုံး ကြဲကျခဲ့ပြီး လက်ရှိအချိန်ထိ ရှမ်းမြောက်မှာ ညီနောင် ၃ ဖွဲ့အပေါ် စစ်ကောင်စီက ဓာတုဗုံးကြဲခဲ့တာ ၃ ကြိမ်အထိ ရှိလာပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး အတွင်း မြို့နယ် ၉ ခုနဲ့ စစ်ကောင်စီ၊ ပြည်သူ့စစ် စခန်းပေါင်း ၂၀၀ နီးပါးကို ထိမ်းချုပ်ထားတယ်လို့ ညီနောင် ၃ ဖွဲ့က အသိပေးထားပါတယ်။