ကရင်နီပြည်နယ် နေရာအနှံ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု-KRU က တိုက်ပွဲတွေကြာမြင့်လာတာနဲ့ အတူ လက်နက်ခဲယမ်းလိုအပ်ချက်တွေရှိလာတာကြောင့် ပြည်သူတွေ အနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ KRU ကွန်မန်ဒို တပ်ခွဲ-၁ တာဝန်ခံ ဗိုလ်ဖိုးခွားက မေတ္တာရပ်ခံထားပါတယ်။