KNU နဲ့ပူးပေါင်းတပ်တွေ လနဲ့ချီပြီး သိမ်းယူထားတဲ့ လက်ခတ်တောင် စခန်း နဲ့ အာရှလမ်းမကြီး အနီးတဝိုက်က ရှေ့တန်း စခန်းတွေဆီ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးသွားရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
တပ်မဟာ ၆ နယ်မြေထဲက ရှေ့တန်းစခန်းတွေဆီ သွားရောက်ခဲ့တဲ့ရက်အတိအကျကို မဖော်ပြဘဲ နှစ်သစ်ကူးကာလအတွင်း ဖြစ်တယ်လို့ KNU ဗဟိုက ဒီနေ့မှာအသိပေးပါတယ်။
သွားရောက်ခဲ့တဲ့ တပ်စခန်းတွေမှာ လက်ရှိ နိုင်ငံရေး နဲ့ စစ်ရေးအခြေအနေတွေကို KNU ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် သူပဒိုစောတောနီးက ရှင်းလင်းအသိပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ KNU ကဖော်ပြပါတယ်။
KNU က ထုတ်ပြ တဲ့ ဓာတ်ပုံတွေအရ KNUတပ်မဟာ ၆ လက်အောက်ခံ ကော်ဘရာစစ်ကြောင်းခေါင်းဆောင် ဗိုလ်ဒါဘော နဲ့ တွေ့ဆုံခဲ့တာကို သိရပါတယ်။
KNU တပ်မဟာ ၆ စစ်ရေးလှုပ်ရှားရာနယ်မြေထဲပါတဲ့ ထိုင်း − မြန်မာ နယ်စပ် မြဝတီမြို့ အနီးက စစ်ကောင်စီရဲ့ လက်ခတ်တောင်စခန်းကုန်းကို ပြီးခဲ့တဲ့နှစ်ဇူလိုင်လအတွင်းမှာ KNU နဲ့ ပူးပေါင်းတပ်က သိမ်းယူထားတာပါ။