ဆားလင်းကြီးမြို့နယ်မှာ လက်နက်တကွ အလင်းဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲ တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုငွေချီးမြှင့်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။
“အလင်းဝင်လာတာက ဝမ်ပေါင်က ရဲ ၃ ဦး ၊ ဆားလင်းကြီးက ရဲ ၂ ဦးပါ” လို့ ရွှေဗန်ဂျီ သပိတ်ဦးဆောင်ကော်မတီဝင် တစ်ဦးက ပြောပါတယ်။
အလင်းဝင်ရာက်လာသူတွေထဲက သေနတ်တလတ်ပါသူကို ဆုငွေကျပ် သိန်း ၅၀ ၊ သေနတ် ၂ လက် ပါလာသူ ၂ ဦးကို တစ်ဦးလျှင် ကျပ်သိန်း ၆၀ နဲ့ လက်နက်မဲ့ အလင်းဝင်လာသူ ၂ ဦးကို တစ်ဦး လျှင် ၅ သိန်းကျပ် ချီးမြှင့်ပေးအပ်ခဲ့တာပါ။
ဒါအပြင် ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဗျူဟာစုဖွဲ့မှု သင်တန်းမှာ ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ကို ဂုဏ်ပြုမှတ် တမ်းလွှာနဲ့ ဂုဏ်ပြုငွေတွေချီးမြှင့်ခဲ့ပါတယ်။