စစ်ကောင်စီတပ်ထံမှ ရုန်းထွက်ပြီး လက်နက်နှင့်အတူ CDM ပြုလုပ်လာသည့် တပ်သားတစ်ဦးကို ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဂန့်ဂေါခရိုင် အမှတ် (၁၂) တပ်ရင်းက သတင်းထုတ်ပြန်သည်။
အဆိုပါ ဆုပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင် ၁၇ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အင်တာနက် အခက်အခဲကြောင့် ယနေ့မှသာ ထုတ်ပြန်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ရဲဘော်များ CDM ပြုလုပ်လာသည့်နေ့ရက် အချိန်တို့ကိုမူ ဖော်ပြမထားဘဲ ဆုငွေပေးအပ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို ဖော်ပြခဲ့သည်။
လက်နက်နှင့်အတူ CDMဝင်ရောက်လာပြီး တပ်ရင်းတွင် ဆက်လက်တာဝန်ထမ်းဆောင်လျှက်ရှိကြသော ရဲဘော်ကောင်းကင်အား ကျပ်သိန်း ၅၀ဆုချီးမြှင့်ခဲ့ကြောင်း ဖော်ပြသည်။
ထို့အပြင် CDM ဝင်ရောက်နိုင်ရေး ကူညီဆောင်ရွက်ပေးသော CDM ရဲဘော် Fighter ကိုလည်း ကျပ် ၁၀သိန်း ဆုချီးမြှင့်ခဲ့သည်ဟု ဆိုသည်။
ပြည်သူနှင့်အတူပူးပေါင်းပြီး ပြည့်သူရင်ခွင်ခိုလှုံလာကြသည့်အတွက်လည်း အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိကြောင်းလည်း ဖော်ပြထားသည်။