စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်း ချီတက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သပိတ်ကို “ Ban Jet Fuels Exports To Myanmar Fascist Dictator ” စာသားကို ကိုင်ဆောင်ပြီး လက်ပံတောင်းတောင်ဒေသ ပြည်သူများ သပိတ်စစ်ကြောင်းက ယနေ့ မတ်လ ၂၂ ရက်နေ့တွင် စစ်အာဏာရှင်စနစ် ကျရှုံးရေး လူထုဟစ်ကြွေးသံများနှင့် ချီတက်ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။