လက်ပံတောင်းတောင်ဒေသတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့်မွေးနေ့အကြို လူထုလှုပ်ရှားမှုအဖြစ် “ငုံ့မခံဘဲ တုံ့ပြန်မယ့် သံမဏိနှင်းဆီတွေ ” စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုက ယနေ့ ဇွန် ၁၈ နေ့တွင် သပိတ်ချီတက်ခဲ့ကြကြောင်း သိရှိရသည်။