စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လမ်းပိတ်ဆို့မှုကြောင့် ပိတ်မိနေတဲ့ ခရီးသည်တင်ကားတွေ ၊ ကုန်တင်ကားတွေက ခရီးသွားပြည်သူတွေကို မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နဲ့ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တွေက ကူညီထောက်ပံ့မှု တွေ ပြုလုပ်ပေးခဲ့တယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ထောက်ပံ့ကူညီမှုအဖြစ်နဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လူသားစာနာတာဝန်ခံတို့က ဆန်(၅)အိတ်၊ဆီ(၁၀)ပိဿာ ကူညီထောက်ပံ့ပေးခဲ့တာပါ။
ဒါအပြင် မြောင်မြို့နယ်ရဲ့ ကျေးရွာတစ်ရွာမှပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တို့ကလည်း ခရီးသွားပြည်သူတွေကို တည်းခိုစရာနေရာတာ၊ ကျွေးမွေးစောင့်ရှောက်ပေးတာတွေကို လုပ်ဆောင်ပေးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။