ရှမ်းမြောက်ပိုင်း၊ လားရှိုးမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ မိုင်ကျက်တပ်စခန်းကို TNLAက တိုက်ခိုက်ချေမှုန်းနေဆဲဖြစ်တယ်လို့ တအာင်းတပ်မတော် PSLF/TNLAက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၃၀ရက်နေ့ မနက် ၄နာရီ ၁၅မိနစ်မှာ တအာင်းပြည်နယ်၊ တပ်မ ဟာ(၆)စစ်ဒေသ လားရှိုးမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ မိုင်ကျက်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က ဆက်လက်တိုက်ခိုက်ချေမှုန်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
မနေ့က အောက်တိုဘာလ ၂၉ ရက် ည ၈နာရီကလည်း ၁၀၂၇ စစ်ဆင်ရေးအဖြစ် တအာင်းပြည်နယ်၊ တပ်မဟာ (၅)စစ်ဒေသဖြစ်တဲ့ သိန္နီမြို့နယ်က အကြမ်းဖက် စစ်ကောင်စီ မိုင်းလီ တပ်စခန်း (၁)ခုကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့ လက်နက်ခဲယမ်းတွေ ရရှိခဲ့ပါသေးတယ်။
လက်ရှိ စစ်ဆင်ရေးကာလအတွင်း စစ်ရေးတင်းမာနေတဲ့ အရပ်ဒေသ၊ တိုက်ပွဲဖြစ်ပွားနေတဲ့ အရပ်ဒေသတွေကို ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံမှု၊ ဘေးအန္တာရာယ်မှ ရှောင်ရှားနိုင်စေဖို့ ခရီးသွားလာတာတွေ မပြုလုပ်ကြဖို့နဲ့ မဖြစ်မနေခရီးသွားလာရမယ် ဆိုပါက သက် ဆိုင်ရာ PSLF/TNLA အုပ်ချုပ်ရေးအဖွဲ့ တပ်ရင်း တပ်ဖွဲ့တို့ထံ သတင်းပို့ ခွင့်ပြုချက်တောင်းခံကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။