ရှမ်းပြည်နယ်၊ လားရှိုးမြို့မှ စစ်ရှောင် ပြည်သူများ တောင်ကြီးသို့ သွားရာလမ်းရှိ စဉ့်အင် ဖောင်ဂိတ်တွင် VIP pass ကျပ်ငွေ ငါးသိန်းပေးလျှင် တန်းစီနေသူများ အလှည့်ကို ကျော်ကာ ဖောင်ကူးခွင့် ပေးနေကြောင်း ပြည်သူတစ်ဦးက ပြောဆိုသည်။
ပုံမှန်ဖောင်ကူးရန် ကား၁ စီး ၅ သောင်းမှ ၁ သိန်းကြား ပေးရပြီး စစ်ရှောင် ပြည်သူများ အနေဖြင့် ဖောင်ကူးခွင့်ရရန် ၂ ညအိပ် ၃ ညအိပ် စောင့်ဆိုင်း ရကြောင်း သိရသည်။
ဖောင်သမားများက VIP pass ဟု ခေါ်ကာ ၅ သိန်းပေးလျှင် တန်းစီရန် မလိုဘဲ တင်ပေးနေကြောင်း၊ VIP မရှိမှသာ ကျန်ကားများကို ကူးပေးသောကြောင့် ပုံမှန် တန်းစီ ပြည်သူများမှ အချိန်ပိုမို ကြံ့ကြာပြီး အခက်အခဲများ ရှိကြောင်း စစ်ရှောင်ပြည်သူများက ပြောဆိုသည်။