ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ မြို့မရဲစခန်းတွင် PDF များ လာရောက်တိုက်ခိုက်မည်ကိုစိုးရိမ်၍ ကတုတ်ကျင်းများ တူးရာမှ ရဲတပ်သား ၂ ဦ မြေစာပုံ ပိကာ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ယခုနိုဝင်ဘာလလယ်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံတစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများတွင် ကတုတ်ကျင်းများကို ဒရုန်းဖြင့် ဗုံးကျဲလျှင် ခံနိုင်ရည်ရှိစေရန် အဆင့်မြှင့်တင် တူးကြရန် ညွှန်ကြားချက်ထုတ်ပြန် ခဲ့ကြောင်း၊ ထိုသို့ ထုတ်ပြန်သည့် ညွှန်ကြားချက်အတိုင်း နိုဝင်ဘာလ ၂၃ ရက်နေ့ လိပ်သိုရဲစခန်းတွင်လည်း ရဲတပ်ဖွဲ့ဝင်များ ကိုယ်တိုင် က တုတ် ကျင်းများ တူးရကြောင်း၊ ယင်းသို့ တူးရာမှာ မြေစာပုံ ပြိုကျ၍ ကတုတ်ကျင်းထဲတွင် ရဲတပ်သား ၂ ဦး ပိမိကြောင်း၊ ရဲတပ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ၁ ဦးမှာ ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“မနေ့ နေ့လယ်ခင်း လိပ်သိုမြို့မရဲစခန်းမှာ ကတုတ်ကျင်း တူးရင်း မြေပြိုကျတာ။ ရဲ ၂ ဦး မြေစာပုံပိတယ်။ ၁ ဦးသေတယ်။ ၁ ဦးကတော့ တောင်ငူဆေးရုံမှာပို့ထားတယ်” ဟု လိပ်သိုမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံတစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များ ၊ ရဲစခန်းများတွင် ခံစစ်ပြင်ကြရန်နှင့် ၂၄ နာရီ လုံခြုံရေးချထားကြရန်လည်း ယခုနိုဝင်ဘာလလယ်ပိုင်းအတွင် အရေးပေါ် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။