ကချင်ပြည်နယ်၊ လိုင်ဇာမြို့အထက်ဘက်ရှိ ပါဂျောင်လိုင်စင်ဒေသကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောကြားသည်။
ယနေ့ မတ်လ ၇ ရက်နေ့လည်ပိုင်းက လိုင်ဇာမြို့အထက်ဘက် ကန်ပိုက်တီအောက်ဘက်ရှိ တရုတ် – မြန်မာ နယ်စပ်၊ ပါချောင် လိုင်စင်ဒေသကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း၊ ယင်းစခန်းတွင် KIA တပ်ဖွဲ့မှ လူကြီးအချို့နေထိုင်ကြကြောင်း သိရသည်။
“လိုင်ဇာအထက် ကန်ပိုက်တီရဲ့အောက်ဘက် တရုတ်မြန်မာနယ်စပ်မျဉ်းမှာရှိတဲ့ KIA စခန်းကို စစ် တပ်က လေကြောင်းကနေလာပြီး ဗုံးကျဲသွားပါတယ်။ အဲဒီစခန်းမှာက KIA လူကြီးတစ်ချို့နေထိုင် ကြပါတယ်၊ ထိခိုက်ပျက်စီးမှုကတော့ ဘာမှ မကြားမိသေးဘူး၊ KIA ရဲ့စစ်ဆင်ရေးကို လက်တုန့်ပြန် တဲ့အနေနဲ့ စစ်ခွေးတွေက ကမူးရှူးတိုးလေကြောင်းကနေ တိုက်ခိုက်တဲ့သဘောပါ” ဟု ဒေသ သတင်းရင်းမြစ်က သို့ ပြောကြားသည်။
ယနေ့ နံနက် ၁၀ နာရီခန့်ကလည်း လိုင်ဇာမြို့ဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက် ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ရာ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း၊ ထို့အပြင် တရုတ်ပြည်ဘက်ခြမ်းသို့ လက်နက်ကြီး ကျည်တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ယနေ့ မတ်လ ၇ ရက် နံနက်အစောပိုင်းမှစတင်၍ မိုးမောက်မြို့နယ်နှင့်ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင် စီတပ်စခန်း ၁၂ နေရာထက်မနည်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက စတင်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စခန်းအချို့ကို သိမ်းပိုက်ရရှိထားကြောင်း သိရသည်။