ကချင်ပြည်နယ် ၊ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA )ဌာနချုပ်တည်ရှိရာ လိုင်ဇာမြိုအဝင်မှာ မြို့အဝင် ဆိုင်းဘုတ်သစ် ဒီကနေ့(ဧပြီ ၂၆) ဖွင့်လှစ်လိုက်ပါတယ် ။ မြို့အဝင်အတွက် “လိုင်ဇာမြို့မှ ကြိုဆိုပါ၏” စာတမ်းကို မြန်မာ၊ကချင် ဘာသာနှစ်ခုနဲ့ ရိုးရိုးရှင်းရှင်း ရေးထားသလို ၊ မြို့အထွက်အတွက် “ပြန်လည်ဆုံတွေကြပါစို့ ” စာတမ်းကိုနှစ်ဘာသာနဲ့ရေးသားထားပါတယ် ။ မြိုအဝင်ဆိုင်းဘုတ်ဟာ ရိုးရှင်းလှပေမယ့် ဒီဆိုင်းဘုတ်ဟာလေးနက်တဲ့အဓိပ္ပါယ်တွေရှိတဲ့အကြောင်း KIA ကအရာရှိတစ်ဦးက အောက်ပါအတိုင်းပြောပြပါတယ်။
“ရိုးရှင်းတဲ့လိုင်းဇာဂိတ်ပေါက်။အရင်ကလို မခမ်းနာပေမဲ့ အရင်ကထက် အဓိပ္ပါယ်ပြည့်စုံတယ် ။ပြည်ထောင်စုသားများရဲ့ အသက်ခန္ဒာအရင်းတည်ထားတဲ့ ဆိုင်းဘုတ်ပါ” ။
လိုင်ဇာအနီးတဝိုက်မှာ ကာလရှည်တပ်စွဲခဲ့တဲ့စစ်ကောင်စီတပ်စခန်းတွေကို မတ်လ ၇ ရက်ကစပြီး KIAဦးဆောင်တဲ့တော်လှန်ရေးတပ်တွေ က ထိုးစစ်ဆင်တိုက်ခိုက် ချေမှုန်းခဲ့တဲ့အတွက် လိုင်ဇာပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်ကင်းစင်သွားပြီဖြစ်သလို ကချင်ပြည်နယ်ရဲ့ ဒေသအများစုကိုလည်း KIA ကထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ် ။