မတူပီမြို့နယ် ခမရ ၃၀၄ လက်အောက်ခံ ၊ လိုင်းလင်းပီ စကစ တပ်ခွဲ စခန်းကို မာရာကာကွယ်ရေးတပ်က တိုက်ခိုက်တယ်လို့ ထုတ်ပြန်သည်။ မနက်ကတည်းကသူတို့လှုပ်ရှားနေတာ တွေ့ပြီးညနေ ၅ နာရီတွင် တိုက်ပဲဲဖြစ်တယ်လို့ဖော်ပြသည်။
“MDF ဘက်က မနက်ကတည်းက လှုပ်ရှားသွားလာနေတာ တစ်ချို့ဆို အဆင်သင့်ဖြစ်အောင်လို့ဘေးကင်းနေရာရွှေ့ကြတယ် ၊ ညနေပိုင်းရောက်တော့သူတို့ ထတိုက်ကြတော့တာပဲကျွန်တော်လို့ကြောက်ကြောက်နဲ့ တောထဲတစ်နေရာပုန်းရှောင်နေကြတယ်ညအမှောင်အထိလည်းသေနတ်သံဆက်လက်ကြားသေးတယ်၊အရင်ကတော့MDF ကစကစ နဲ့ပေါင်းတယ်လို့ထင်တာအခုတော့ထပြီးတိုက်ပဲဲဖစ်ကြတော့အံသြသွားတယ်” ဟု အမည်မဖော်လိုသူတစ်ဦးက Zalen ကိုပြောသည်။
ဒီလို ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လိုင်းလင်ပီမြို့တွင်းသို့ မိဘပြည်သူများ သွားရောက်ခြင်း မလုပ်ရန် MDF က ထုတ်ပြန်ထားပါကတယ်။ တော်လှန်ရေးအစပိုင်းမှာလည်း MDF ထောက်ခံ နှင့် CDF ထောက်ခံသူတွေရှိကြပြီးထောက်ခံသူအချင်းချင်းလည်းပစ်ခတ်မှုတွေရှိတယ်လို့လည်းထပ်လောင်းဖော်ပြသည်။