စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကျေးရွာတစ်ရွာတွင် သပိတ်အင်အားစုများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ လူထုအင်အားအများအပြားဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ယနေ့ (ဇန်နဝါရီ ၂၅) ချီတက်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူများက “အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံံဖွင့် ရွက်ကုန်လွှင့်ချီ” စာသားကိုင်စွဲပြီး အာဏာသိမ်းခြင်း သုံးနှစ်ပြည့်ခါနီးသော်ငြားလည်း ပြည်သူလူထုအနေဖြင့် စစ်အုပ်စုကို လုံးဝလက်မခံကြောင်း တိုက်ပွဲဖြစ်ပွားနေသည့်ကြားမှ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယင်းသပိတ်စစ်ကြောင်းကို မုံရွာပင်မသပိတ် ၊ မကွေးလူထုတိုက်ပွဲကော်မတီ၊ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစု၊ AFCC (မန္တလေး)၊ ချောင်းဦးမြို့နယ်လူငယ်အင်အားစုသပိတ်ကော်မတီ တို့မှ အဖွဲ့ဝင်များ ပူးပေါင်းဝန်းရံချီတက်ခဲ့ကြသည်။