အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်ကနေ ၂၀၂၃ ခုနှစ် ခုနှစ် ဒီဇင်ဘာ ၃၁ ရက် အထိ ဒေသအလိုက် လူသားချင်းစာနာမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၁ သန်း က ( ကျပ်ငွေ ၁၀ ဒသမ ၅၁ ဘီလီယံ) ကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ အသိပေး ထုတ်ပြန်ခဲ့ပါ တယ်။
အဆိုပါ လူသားချင်းစာနာမှု အကူအညီများကို အာဏာသိမ်း အကြမ်းဖက် စစ်တပ်ရဲ့ မီးရှို့ဒဏ်ခံ ပြည်သူများ၊ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရတဲ့ နေရပ်စွန့်ခွာပြည်သူများ၊ တော်လှန်ရေးမှာ ပါဝင်ရင်းထိခိုက်ဒဏ်ရာရရှိသူများနဲ့ အသက်ဆုံးရှုံး ရသူများရဲ့ မိသားစုဝင်များ၊ အကူအညီလိုအပ်နေသော မသန်စွမ်းများအပါအဝင် ထိခိုက်လွယ် အုပ်စုများ၊ အာဏာဖီဆန် CDM နိုင်ငံ့ဝန်ထမ်းများ၊ သဘာဝဘေး အန္တရာယ်ဒဏ်ခံရသူများ၊ အသိပညာပေးလုပ်ငန်းများနဲ့ အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီ လိုအပ်သူများထံ လက်ဝယ်အရောက် စီစဉ်ဆောင်ရွက်ပေးကြတဲ့ ဒေသခံမိတ်ဖက်အဖွဲ့များ၊ ကိုယ်စားလှယ်များ၊ လူသားစာနာတာဝန်ခံများ၊ စေတနာ့ဝန်ထမ်းပြည်သူများနဲ့ လက်တွဲချိတ် ဆက်ပြီး ကြိုးစား ပံ့ပိုးကူညီပေးလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဝန်ကြီးဌာနအနေနဲ့ လူသားချင်းစာနာမှုအကူအညီ အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူများအတွက် တော်လှန်ရေး ၃ နှစ်နီးပါးကာလအတွင်း အဖက်ဖက် အကျပ်အတည်းများကြားမှ တော်လှန်အောင် စိတ်ဖြင့် ပါဝင်လှုပ်ရှားလှူဒါန်းပေးလျက်ရှိကြတဲ့ အလှူရှင်တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်ရှိ တယ်လို့ ဖော်ပြထားပါတယ်။