အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်မိုးရဲ့ အကိုဖြစ်သူ ဦးသန်းမြင့် (ခ) Sayedul Anwar သတ်ဖြတ်ခံရတဲ့အပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
သဝဏ်လွှာထဲမှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်မိုးရဲ့ အကိုဖြစ်သူ ဦးသန်းမြင့် (ခ) Sayedul Anwar ၊ အသက် (၄၅) နှစ်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၇) ရက်၊ ည ၁၁ နာရီခန့်မှာ ရန်ကုန်မြို့အတွင်း အမည်မသိလူတစုရဲ့ သတ်ဖြတ်ခြင်းကြောင့် အလ္လာဟ်အရှင်မြတ် ရဲ့အမိန့်တော် ခံယူသွားကြောင်း ကြားသိရပါသဖြင့် မိသားစုနဲ့ ထပ်တူဝမ်းနည်းကြေကွဲရတယ်လို့ ဖော်ပြထားပါတယ်။
“ကွယ်လွန်သူကို အလ္လာဟ် အရှင်မြတ်မဂ်ဖိရသ် လွတ်ငြိမ်းချမ်းသာခွင့် ချီးမြှင့်တော်မူပါစေ။ ဂျန်နသ်မှာ မြင့်မားသော အဆင့်အတန်း ချီးမြှင့်တော်မူပါစေ။ ကျန်ရစ်သူမိသားစုကိုလည်း ကောင်းမွန်သောအစား ပေးသနားတော်မူပြီး ချီးမြှင့်တော်မူပါစေ။” လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဦးသန်းမြင့်ကို သတ်ဖြတ်ခဲ့သူတွေက အကြမ်းဖက်စစ်တပ် အားပေးထောက်ခံသူတွေဖြစ်တယ်လို့ ဆိုတာနဲ့ သတ်ဖြတ်မှုအပြီးမှာ လူမူကွန်ရက်တွေအပေါ်မှာ ရေးသားအောင်ပွဲခံမှုတွေပြုလုပ်နေတယ်လို့ သတင်းဌာန တွေက ဖော်ပြထားတာ တွေ့ရပါတယ်။