ဒိီကနေ့ မေလ ၂၀ ရက်နေ့ တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု (၂)ကြိမ် ပြုလုပ်သွားခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်) ရဲ့ မြေပြင်သတင်းထောက်က သတင်းပေးပို့ချက်အရ သိရပါတယ်။
“မနက်အစောပိုင်း ၇ နာရီလောက်တုန်းက တစ်ကြိမ်၊ ညနေ ၆ နာရီလောက်မှာတစ်ကြိမ်၊ တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်သွားပြီးတော့မှ ရွာထဲက လူနေအိမ်တချို့ မီးလောင်ပျက်စီးသွားတယ်” လို့ ကန္တာရဝတီတိုင်း(မ်) ရဲ့ မြေပြင်သတင်းထောက်က ပြောပါတယ်။
ပေါင် ၅၀၀ ဗုံးသီးနဲ့ တိုက်ပွဲ အနီးအနားက ကျေးရွာ ထဲကို လာရောက်ပစ်ချခဲ့ပြီး လူနေအိမ်တချို့ မီးလောင်ပျက်ဆီးပါတယ်။
ကရင်နီပြည်နယ် ဒီးမောဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မေလ (၁၄) ရက်နေ့ကတည်းကစပြီး ယနေ့အချိန်ထိ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်မှု (၄) ရက်ဆက်တိုက် ပြုလုပ်လာတာပဲ ဖြစ်ပါတယ်။